လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်




လယ်ဝေး ဇန်နဝါရီ ၁၀


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ (၁/၂၀၂၂-၂၀၂၃) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၄၇)စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြိုနယ်ဦးစီးမှူး ဦးမောင်ကြိုင်က တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင်နိုင်ပြီး အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အဆိုပါသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ(၂၀) တက်ရောက်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)




No comments

Powered by Blogger.