ဒုတိယဝန်ကြီး ဦးထိန်လင်း (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ရန် ရောက်ရှိလာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်
နေပြည်တော် ဖေဖော်ဝါရီ ၂
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာကြသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များ နေ့လယ်စာ စားသောက်နေမှုနှင့် ပြင်ဆင်ကျွေးမွေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နေထိုင်စားသောက်ရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments