ယူဂန္ဓာနိုင်ငံ၌ ကူးစက်နိုင်ခြေမြင့်မားသည့် မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံ
ကမ်ပါလာ ဖေဖော်ဝါရီ ၂
ယူဂန္ဓာနိုင်ငံမြို့တော် ကမ်ပါလာတွင်
ဖေဖော်ဝါရီ ၁ ရက်က ကူးစက်နိုင်ခြေမြင့်သည့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေး
ထိုးနှံပေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မျောက်ကျောက်ရောဂါ ကူးစက်မှုကို
ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကူးစက်နိုင်ခြေမြင့်သည့်သူများကို
ပထမအကြိမ် ကာကွယ်ဆေးထိုးပေးမှု လုပ်ဆောင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်
ကြားရေးမှူးချုပ် ချားလ်အိုလာရို ကဆင်ဟွာသို့ ပြောသည်။
ကူးစက်နိုင်ခြေမြင့်သည့် လူများ၊
ရောဂါရှိသူနှင့် ထိတွေ့မိသူများနှင့် ကျန်းမာရေးလုပ်သားများကို
ကာကွယ်ဆေးထိုးနှံပေးကြောင်း ၎င်းကပြောသည်။
ယူဂန္ဓာနိုင်ငံတွင် အာဖရိက
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက လှူဒါန်းထားသည့် ကာကွယ်ဆေး အလုံးရေ ၂၀၀၀
ရှိပြီး အဆိုပါကာကွယ်ဆေးများ မှာ လူ ၁၀၀၀ ကို ထိုးနှံပေးနိုင်ကြောင်း
ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ယူဂန္ဓာနိုင်ငံတွင် ပြီးခဲ့သည့်ဩဂုတ်လနှောင်းပိုင်းမှ
စတင်ကာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်အထိ ဓာတ်ခွဲ
ခန်း အတည်ပြုလူနာ ၂၄၇၉ ဦး ရှိသည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသည်
ပြီးခဲ့သည့်ဩဂုတ်လတွင် မျောက်ကျောက်ရောဂါကို နိုင်ငံတကာ စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေးအရေးပေါ်
အခြေအနေအဖြစ်ကြေညာခဲ့ပြီး နိုင်ငံတကာအပေါ် ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိမှုကို
သတိပေးခဲ့သည်။
ဆင်ဟွာ

No comments