နီပေါနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံခြားခရီးသွား ၇၉၉၉၁ ဦး ဝင်ရောက်



ဖေဖော်ဝါရီ ၃

နီပေါနိုင်ငံသို့ ဇန်နဝါရီလအတွင်း နိုင်ငံခြားခရီးသွား၇၉၉၉၁ ဦးဝင်ရောက်မှုရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ယမန်နေ့ကပြောကြားသည်။

အဆိုပါခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ် အလားတူကာလအတွင်း ခရီးသွားဦးရေ ၇၉၁၀၀ ထက် ပိုမိုများပြားခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ပထမလက ခရီးသွား ၈၁၂၇၃ ဦး ဝင်ရောက်မှုရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့၏ညွှန်ကြားရေးမှူး မာနီရတ်ဂျ်က သတင်းထောက်များကိုပြောကြားသည်။

ဇန်နဝါရီလအတွင်း နီပေါနိုင်ငံသို့ အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှခရီးသွားများ လာရောက်လည်ပတ်မှုအများဆုံးဖြစ်သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်သူဦးရေ ၁၁၄၇၅၆၇ ရှိပြီး ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် အဓိက နိုင်ငံခြားငွေကြေးရှာဖွေပေးပြီး အလုပ်အကိုင်ဖန်တီးပေးသည့်လုပ်ငန်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.