တရုတ်သွင်းကုန်များအပေါ် အခွန်ကောက်ခံသည့် အမေရိကန်၏ တရားမျှတမှုမရှိသည့် ဆောင်ရွက်ချက်ကို ဆန့်ကျင်ဟု တရုတ်ပြောကြား
ပေကျင်း ဖေဖော်ဝါရီ ၂
တရုတ်နိုင်ငံမှ
အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သွင်းကုန်များအပေါ် ဆယ်ရာခိုင်နှုန်း အခွန်
ကောက်ခံသည့် အမေရိကန်၏ တရားမျှတမှုမရှိသည့် ဆောင်ရွက်ချက်ကို ဆန့်ကျင်ကြောင်း
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
အမေရိကန်နိုင်ငံ၏
၎င်းတစ်ဖက်သတ်ဆောင်ရွက်ချက်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ စောဒက တက်မည်ဖြစ်ပြီး
တရုတ်နိုင်ငံ၏ တရားဝင်ရသင့်သည့် ရပိုင်ခွင့်နှင့် အခွင့်အရေးများ မဆုံးရှုံးစေရေး
ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုပြောကြားသည်။
ယင်းဆောင်ရွက်ချက်သည်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းကမ်းကို ချိုးဖောက်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း
အဆိုပါတာဝန်ရှိသူက ပြောကြားသည်။ တရုတ်နိုင်ငံက အမေရိကန် နိုင်ငံသို့
အကိုက်အခဲပျောက်ဆေးဖော်စပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းတင်သွင်းမှု အပေါ်တွင်လည်း
အမေရိကန်၏ တစ်ဖက်သတ်အရေးယူဆောင်ရွက်မှုများကို ချင့်ချိန်ဆောင်ရွက်ရန်
ယင်းတာဝန်ရှိသူက ပြောကြားသည်။ အမေရိကန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအပေါ်တွင်
ကုန်သွယ်ခွန်စည်းကြပ်ရာ၌ မျှတစွာဆောင်ရွက်ရန် ၎င်းတာဝန်ရှိသူကပန်ကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်အမေရိကန်အကြား
အငြင်းပွား မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အမေရိကန် အနေဖြင့် တရားမျှတမှု၊
အပြန်အလှန်အကျိုးရှိမှုနှင့် အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို လက်ကိုင်ထား
ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားသည်။
အလားတူ မက္ကဆီကိုနှင့်
ကနေဒါနိုင်ငံများကလည်း ၎င်းတို့၏ ကုန်ပစ္စည်းများအပေါ်တွင် အမေရိကန်က
အခွန်များကောက်ခံခြင်းအပေါ် ကန့်ကွက်ကြောင်း အသီးသီးပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ

No comments