စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၃ 


စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ က စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာများတွင် မစွန့်ပစ်ဘဲ အနီးပတ်ဝန်းကျင်ရှိ မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများထဲသို့ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်ပျက်စီးစေသည့်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသများရှိ မြို့နယ်များတွင် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရန်နှင့် အမှိုက်မီးရှို့စက်များ တည်ဆောက်အသုံးပြုရန် လိုအပ်ကြောင်း။


စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က အတည်ပြု ထုတ်ပြန်ပြီးဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ ရေးဆွဲပြီး 3Rs ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန်အတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၄) ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၉) ချက်အပေါ် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် တိုးတက်ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

 

အစည်းအဝေးသို့ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။


သတင်းစဉ်


No comments

Powered by Blogger.