အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ခုနစ်ဦးပျောက်ဆုံး
ဖေဖော်ဝါရီ ၃
အင်ဒိုနီးရှားနိုင်ငံ အနောက်နူဆာတန်ဂါရာပြည်နယ်တွင်
ယမန်နေ့မွန်းလွဲပိုင်းက လျှပ်တစ်ပြက် ရေကြီးရေလျှံမှုကြောင့် တစ်ဦးထက်မနည်းသေဆုံးပြီး
အခြားခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ယနေ့ မနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါရေကြီးမှုသည် ယင်းပြည်နယ်ရှိ
ဝီရာခရိုင်ခွဲတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုကြောင့် နေအိမ်ခုနစ်လုံး မျောပါသွားကာ
တံတားတစ်စင်းပြိုကျပြီး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း ပြည်နယ်ရှာဖွေရေးနှင့်
ကယ်ဆယ်ရေးရုံးအကြီးအကဲ ဆာဒါရတ်မန်ဂျာယာက ပြောသည်။
ရုတ်တရက်ရေကြီးမှုကြောင့်
အမျိုးသမီးတစ်ဦးသေဆုံးကြောင်းနှင့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူခုနစ်ဦးကို
ရှာဖွေမှုများလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောသည်။
ထိုကယ်ဆယ်ရေးအဖွဲ့တွင် စစ်သားများ၊
ရဲတပ်ဖွဲ့ဝင်များ၊ ဒေသန္တရရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်
ဒေသန္တရသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီတို့ပါဝင်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
မိုးလေဝသနှင့်ဘူမိရူပဗေဒအေဂျင်စီက
မိုးသည်းထန်စွာရွာသွန်းများ၊ လေပြင်းတိုက်မှုများ၊ လှိုင်းကြီးမှုများ၊ ရာသီဉတုဆိုးရွားမှုနှင့်ပတ်သက်ပြီး
သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments