နေပြည်တော်၊ ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၈) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား


နေပြည်တော် ဖေဖော်ဝါရီ ၃

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၁၄) မိနစ်တွင် နေပြည်တော် မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်ကွာဝေးသော ဇဗ္ဗူသီရိမြို့၏ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာတွင် ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါငလျင်သည် မြောက် လတ္တီတွဒ် (၁၉ ဒသမ ၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Credit> မိုးဇလ


 


No comments

Powered by Blogger.