စက်မှုဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၂
စက်မှုဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇)၌ကျင်းပရာ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့်
ဝန်ထမ်းများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရတနာတန်းဝင်ကျွန်းပင်ကို
စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ဦးစီးဌာန/စက်မှုလုပ်ငန်းများမှ
အရာထမ်း၊ အမှူထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းစိုက်ပျိုးသည်။ ထို့ပြင် စက်မှုဝန်ကြီးဌာန
ကြီးကြပ်မှုအောက်ရှိ စက်ရုံ/အလုပ်ရုံများ၊ ဦးစီးဌာနရုံးများနှင့် သင်တန်းကျောင်းများ၌လည်း
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ များကို နေရာဒေသများအလိုက် တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ
သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက်
အရိပ်ရလေကာပင်များ၊ သစ်ပင်ပန်းမံများ ထပ်မံ စိုက်ပျိုးသွားကြရန် မှာကြားသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊
ယူကလစ်၊ ပျဉ်းမ၊ မန်ဂျန်ရှား၊ မန်ကျည်း၊ တမာ၊ ကုက္ကို၊ အုန်းပွား၊ ဖျောက်ဆိပ်၊ မဲဇလီ၊
ဗာဒံ၊ တည်၊ သရက်၊ ငှက်ပျော၊ ဒန့်သလွန်၊ ပိန္နဲ၊ စိန်ပန်း၊ ခရေ၊ သပြေ၊ ငုဝါ၊ ကံ့ကော်၊
သပြေဘူတ၊ ပေါက်ပန်းဖြူ၊ ချယ်ရီ စသည့် အပင်စုစုပေါင်း ၄၈၉၃ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments