ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှု ကြည့်ရှုအားပေး
နေပြည်တော် ဇူလိုင် ၂
ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို
ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျင်းပရာ ပြည်ထောင်စု
စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးသည်။
စုပေါင်း သွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ
ဝန်ထမ်း ၃၆ ဦးတို့က သွေးလှူဒါန်းကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက
လိုက်လံကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အားဖြည့်အချိုရည်၊ မုန့်၊ ရေသန့်နှင့် လက်ဆောင်ပစ္စည်းများ
ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး
(ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းလှိုင်က ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက်
သွေးလာရောက်လှူဒါန်း ကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း ၃၆ ဦးကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments