မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာ သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ
ရန်ကုန် ဇူလိုင် ၆
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာ
ဖွံ့ဖြိုးရေးကော်မတီက သတင်းမီဒီယာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ
ဇူလိုင် ၄ ရက် ညနေပိုင်းက သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲကို ရန်ကုန်မြို့
ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံသတင်း
မီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးက အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကျော်ဒင်က
သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး
သင်တန်းသားများအား မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များက
သင်တန်းဆင်းလက်မှတ် များပေးအပ်သည်။
အဆိုပါ သင်တန်းအမှတ်စဉ်(၃)ကို ဇွန်
၁၃ ရက် မှ ဇူလိုင် ၄ ရက်အထိ အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
No comments