ဖျာပုံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်

 


ဖျာပုံ ဒီဇင်ဘာ ၃

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ ကျေးအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂ ရက်က အထက (၂)ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်က အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးလက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်လင်းဦးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း လမ်းညွှန်မှုများ၊ လုပ်ငန်းတာဝန်များနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) တပ်ဆင်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားသည်။

 

သင်ကြားပို့ချ

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး ၃၅၄ ဦး တက်ရောက်ကြပြီး နှစ်ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.