ပါကစ္စတန်နိုင်ငံ၌ကလေးငယ်၃၃သန်းကျော်ကိုဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးရေးလှုပ်ရှားမှုပြုလုပ်
ဒီဇင်ဘာ ၂
ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ
ကလေးငယ် ၃၃ သန်းကျော်ကို ဝက်သက်-ဂျိုက်သိုး (MR) နှင့် ပိုလီယိုရောဂါကာကွယ်ဆေး
(OPV) တိုက်ကျွေးရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဝန်ကြီးဌာနက
ယမန်နေ့က ပြောကြားခဲ့သည်။
ဖက်ဒရယ်ကာကွယ်ဆေးထိုးဌာနက
ဦးဆောင်သော ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို ပြည်နယ်နှင့် ဒေသအားလုံးတွင် ပြုလုပ်ခဲ့သည်။
ကျန်းမာရေးအဖွဲ့များသည် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးခြင်းနှင့် တစ်အိမ်တက်ဆင်းလူမှုရေးလှုပ်ရှားမှုများမှတစ်ဆင့်
ဝေးလံခေါင်သီပြီးအန္တရာယ်များသော ရပ်ရွာများသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အရည်အသွေးနှင့် စံနှုန်းများကို
လိုက်နာမှုရှိစေရန် ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုအတွင်း ကာကွယ်ဆေးထိုးနှံမှု ၂၈၄၀၀၀
ကျော်ကို စောင့်ကြည့်ခဲ့ပြီး လိုက်နာမှုမှာ ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ
သိရသည်။
နိုင်ငံတစ်ဝန်းရှိ ကလေးငယ်
၄၅ သန်းကျော်ကို ယခုနှစ်၏ နောက်ဆုံးပိုလီယို ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှု ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments