ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံး
အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ
၄
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံး အဆောက်အအုံသစ်
ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်နှင့်
ပုဂ္ဂလိဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံး အဆောက်အအုံသစ်နေရာသို့
ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံး အဆောက်အအုံသစ်အား ကော်မရှင်
အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ်အား စက်ခလုတ်နှိပ်
ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း
သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းအား
အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်နှင့်
အခမ်းအနား တက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း
ပေးကြသည်။
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ်
အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်
ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ၏ သမိုင်းကြောင်းနှင့်
အဆောက်အအုံ တည်ဆောက်ပြီးစီးမှုအား Video Clip ဖြင့် ရှင်းလင်းတင်ပြ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ်နှင့် သက်ဆိုင်သည့်
လွှဲပြောင်း မှတ်တမ်းစာအုပ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
ဒေါ်သန်းသန်းဆွေထံသို့ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌထံသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို
ဂါရဝပြုပေးအပ်သည်။ ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား
ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အခမ်းအနားအပြီးတွင်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး
ကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အအုံသစ် တည်ဆောက်ခဲ့မှု
မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်
တိုင်းဒေသကြီးတို့တွင် ငွေရေး ကြေးရေးကဏ္ဍကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်
ပိုမိုထိရောက်စွာ ကြီးကြပ် ထိန်းကျောင်းဆောင်ရွက်နိုင်ရေး၊ ဒေသအသီးသီး၏
ဖွံ့ဖြိုးမှုတွင် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း
ဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial
Inclusion ကို ပိုမိုဖော်ဆောင်ရန်နှင့် ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအချက်အချာကျသည့်
မန္တလေးမြို့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံး အဆောက်အအုံသစ်ကို
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင် ဖြစ်ပြီး ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကို
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
(မန္တလေးဘဏ်ခွဲ) ရုံး အဆောက်အအုံသစ်သည် နိုင်ငံတကာ ဗဟိုဘဏ် အဆင့်မီ အဆောက်အအုံအင်္ဂါရပ်များနှင့်အညီ
ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments