ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု အဆုံးသတ်

 


ကင်ရှာဆာ   ဒီဇင်ဘာ  

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌    နောက်ဆုံးအကြိမ်   အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု အဆုံးသတ်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ကူးစက်ဖြစ်ပွားမှုကွင်းဆက်ကို ရပ်တန့်လိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ၌ (၁၆)ကြိမ်မြောက်    အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု  ပြီးဆုံးသွားပြီဖြစ်ကြောင်း   နိုင်ငံ၏ မြို့တော် ကင်ရှာဆာမြို့၌ ပြုလုပ်သော  အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး ရော်ဂျာကမ်ဘာက ပြောသည်။

၁၉၇၆ ခုနှစ် နောက်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အလယ်ပိုင်း ကာစိုင်းပြည်နယ်၌  (၁၆)ကြိမ်မြောက်  အီဘိုလာရောဂါကူးစက်ဖြစ်ပွားကြောင်း စက်တင်ဘာ ၄ ရက်တွင် အစိုးရက အတည်ပြုခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် မျောက်ကျောက်၊ ကာလဝမ်းနှင့် ဝက်သက်ရောဂါတို့ တစ်ပြိုင်နက်ဖြစ်ပွားချိန်တွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု ထပ်မံပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။   ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌  ယခင်အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုမှာ နိုင်ငံ အရှေ့ပိုင်း  မြောက်ကီဗူပြည်နယ်တွင် ၂၀၂၂ ခုနှစ် က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။        

ဆင်ဟွာ

No comments

Powered by Blogger.