ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၃ ဒသမ ၄၇ ရာခိုင်နှုန်း ကျဆင်း

 


ဒီဇင်ဘာ ၁၂

ကမ္ဘောဒီးယားနိုင်ငံ၏အထင်ကရအန်ကောဝပ် ရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံတကာခရီးသွား စုစုပေါင်း ၈၆၇၁၉၅ ဦးကို ဝင်ရောက်မှုရှိရာ ယခင်နှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှု၏ ၃ ဒသမ ၄၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။

ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်သည့်အန်ကောဝပ်သည် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဝင်ခွင့်လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၈ သန်း ဝင်ငွေရရှိခဲ့ပြီး ၃ ဒသမ ၄၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် အန်ကောဝပ် လုပ်ငန်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အန်ကောဝပ်သို့ ယခုနှစ် နိုဝင်ဘာလတွင် နိုင်ငံခြားခရီးသွား ၁၀၁၆၇၇ ဦးကို လာရောက်ခဲ့ရာ ယခင်နှစ် အလားတူလနှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်း ရရှိခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆီရမ်ရိပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိသော အန်ကောဝပ်တွင် ကိုးရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခု ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.