တောင်ကိုရီးယားနိုင်ငံ၌ နိုဝင်ဘာလအတွင်း ပို့ကုန် ၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာ



ဒီဇင်ဘာ ၁

တောင်ကိုရီးယား၏ ပို့ကုန်များသည် နိုဝင်ဘာလတွင် ခြောက်လဆက်တိုက် မြင့်တက်လာပြီး ပြီးခဲ့သည့်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက နိုဝင်ဘာလတွင် ပို့ကုန်များသည် ၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၀၄ ဘီလီယံ ရှိခဲ့ပြီး ဇွန်လနောက်ပိုင်း ဆက်လက်မြင့်တက်လာခဲ့သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

နေ့စဉ်ပျမ်းမျှ ပို့ကုန်များသည် ၁၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁ ဘီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လက သွင်းကုန်များသည် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၃၀ ဘီလီယံ ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ ခိုင်မာသော ဝယ်လိုအားကြောင့် မော်တော်ကား တင်ပို့မှုများသည် ၁၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၁ ဘီလီယံ ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် လက်တင်အမေရိကသို့ ပို့ကုန်များ ကျဆင်းသွားခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် အရှေ့အလယ်ပိုင်းသို့ ပို့ကုန်များ မြင့်တက်လာခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.