အာရှနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁၁၀၀ ကျော် သေဆုံး
ဒီဇင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ပိုင်းတွင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေ ၆၀၀ ကျော်အထိမြင့်တက်လာခဲ့သည်ဟုသိရသည်။
အင်ဒိုနီးရှားနိုင်ငံသည်
ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်ကာမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့် အာရှနိုင်ငံများအနက်
နိုင်ငံတစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။
ယမန်နေ့ ညနေ ၅ နာရီအထိ အင်ဒိုနီးရှားတွင်
၆၀၄ ဦး သေဆုံးပြီး ၄၆၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက
ကြေညာခဲ့သည်။
အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တိုက
မြောက်ဆူမားတြားပြည်နယ်အပါအဝင် ရေဘေးသင့်ဒေသအချို့ကို စစ်ဆေးခဲ့ပြီး အစိုးရအနေဖြင့်
မရှိမဖြစ်လိုအပ်သောပစ္စည်းများ၊ အထူးသဖြင့် လောင်စာဆီများကို အမြန်ပို့ဆောင်ရန် ဦးစားပေးလုပ်ဆောင်မည်ဟု
ပြောကြားခဲ့သည်။
နိုဝင်ဘာလနှောင်းပိုင်းတွင်
စတင်ခဲ့သော ရာသီဥတုဆိုးရွားမှုကြောင့် ထိုင်းနိုင်ငံတွင် ၁၇၀ ဦးနှင့် သီရိလင်္ကာနိုင်ငံတွင်
၃၅၅ ဦး သေဆုံးခဲ့ရာ ထိုနိုင်ငံသုံးနိုင်ငံတွင် သေဆုံးသူစုစုပေါင်း ၁၁၂၉ ဦး ရှိလာပြီဖြစ်ကြောင်း
ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments