ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ဘေဘုတ်စိုက်ထူ
ရန်ကုန် ဒီဇင်ဘာ ၃
ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်
မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ဘေဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၌ ယနေ့မွန်းလွဲပိုင်းက
ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဘေဘုတ်သုံးချပ်စီအား
မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာ ၁၀ နေရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊
မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ

No comments