နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၁ သန်းကျော် ဝင်ရောက်



ဒီဇင်ဘာ ၂

နီပေါနိုင်ငံသို့  ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံခြားခရီးသွားတစ်သန်းကျော် ရောက်ရှိလာကြောင်း နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့  အင်န်တီဘီ(NTB) က ယမန်နေ့က ပြောကြားခဲ့သည်။

ဟိမဝန္တာဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နိုင်ငံခြားခရီးသွား ၁၀၆၀၂၆၉ ဦး လာရောက်လည်ပတ်မှုရှိရာ ၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၀၅၅၅၂၀ ဦးဝင်ရောက်မှုမှ အနည်းငယ်တိုးလာခြင်းဖြစ်သည်ဟု  အင်န်တီဘီ က ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။

ထိုကာလအတွင်း အိန္ဒိယနိုင်ငံသည် ခရီးသွား၂၆၂၃၄၅ ဦးဖြင့် ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသည် ၁၀၅၂၃၉ ဦးဖြင့် ဒုတိယနေရာတွင် ရှိကြောင်းနှင့် တရုတ်နိုင်ငံသည် ၈၆၈၀၀ ဦးဖြင့် တတိယနေရာတွင် ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.