မွန်ဂိုလီးယားနိုင်ငံ၌ HIV/AIDS ကူးစက်ဖြစ်ပွားသူ ၄၂၄ ဦးရှိ



အူလန်ဘာတာ   ဒီဇင်ဘာ 

မွန်ဂိုလီးယားနိုင်ငံ၌ ယခုအခါ HIV/AIDS လူနာစုစုပေါင်း ၄၂၄ ဦးရှိကြောင်း နိုင်ငံ၏ အမျိုးသား ကူးစက်ပျံ့နှံ့တတ်သောရောဂါဆိုင်ရာ စင်တာ(အင်န်စီစီဒီ)က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၌ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း HIV ရောဂါပိုးရှိသူသစ် စုစုပေါင်း ၃၆ ဦး ရှိသည်ဟု  နှစ်စဉ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့(World AIDS Day) တွင် အင်န်စီစီဒီက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

HIV ရောဂါပိုးကူးစက်သူအများစုမှာ အသက် ၂၀ နှင့် ၄၄ နှစ်အကြား အသက်အရွယ်များဖြစ်ပြီး ကူးစက်မှု၏ ၉၉ ဒသမ ၇ ရာခိုင်နှုန်းခန့်မှာ လိင်ပိုင်းဆိုင်ရာ ကူးစက်မှုမှဖြစ်ကြောင်း သိရသည်။

မွန်ဂိုလီးယားနိုင်ငံ၌ ပထမဆုံး HIV ပိုးကူးစက်မှုကို ၁၉၉၂ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး ယင်းအချိန်မှ စကာ လူဦးရေ ၃ ဒသမ ၅ သန်းရှိသည့် နိုင်ငံအတွင်း AIDS ရောဂါကြောင့် သေဆုံးသူ ၇၁ ဦး ရှိကြောင်း သိရသည်။                                                                      

ဆင်ဟွာ

No comments

Powered by Blogger.