ဂျပန်နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများ သီတင်းပတ်လေးပတ်ဆက်တိုက် မြင့်တက်လာ



မတ် ၁၂

ရေနံစိမ်းဈေးနှုန်း မြင့်တက်လာခြင်းသည် ဂျပန်လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိလာရာ ဓာတ်ဆီဆိုင်တွင် ဓာတ်ဆီဈေးနှုန်းများ သီတင်းပတ်လေးပတ်ဆက်တိုက် မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ဈေးနှုန်းလမ်းကြောင်းများကို စောင့်ကြည့်သည့် ရေနံသတင်းအချက်အလက်စင်တာက မတ်လ ၉ ရက်နေ့အထိ ပုံမှန်ဓာတ်ဆီတစ်လီတာလျှင် ပျမ်းမျှယန်း ၁၆၁ ဒသမ ၈ သို့မဟုတ် တစ်ဒေါ်လာနှင့် နှစ်ဆင့်ခန့် ရှိကြောင်းနှင့် ယခင်သီတင်းပတ်ကထက်  နှစ်ဆင့်ခန့် မြင့်တက်လာခြင်းဖြစ်ပြီး သုံးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယန်း ၁၆၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ဆီဈေးသည် လာမည့်သီတင်းပတ်တွင် ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း ရေနံသတင်းအချက်အလက် စင်တာက ပြောကြားခဲ့သည်။

အစိုးရက ဓာတ်ဆီစျေး၊ လျှပ်စစ်ဓာတ်အားခ၊ ဓာတ်ငွေ့အသုံးစရိတ်များ မြင့်တက်လာချိန် ပြည်သူများသက်သာစေရေးပံ့ပိုးကူညီရန် စဉ်းစားလျက်ရှိကြောင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Kihara Minoru က သင့်လျော်သောအချိန်တွင် အစီအစဉ်ကိုထုတ်ဖော်ပြသရန် အစီအစဉ်များလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သည် ရေနံစိမ်းထောက်ပံ့မှုရေးကို မတူညီသောရင်းမြစ်များမှရရှိနိုင်အောင် ကွဲပြားစေရန်နည်းလမ်းများ စတင်စဉ်းစားနေပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.