ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်း စပိန်လာလီဂါဖလား ဆွတ်ခူး
ဘာစီလိုနာအသင်းဟာ မေ ၁၁ ရက် နံနက်ပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်မှာ
အနိုင် ရရှိခဲ့ပြီးနောက် လက်ကျန်သုံးပွဲအလိုမှာ စပိန်လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်မှာ
ဘာစီလိုနာအသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက်
သွင်းဂိုးတွေကို ရက်ရှ်ဖို့ဒ်နဲ့ ဖာရန် တောရက်စ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အခုပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက်
သွင်းဂိုး တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး
ရက်ရှ်ဖို့ဒ်ဟာ ယခုဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့ အတူ လာလီဂါသွင်းဂိုး ၁၄ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးယဲလ်မက်ဒရစ်
အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ယှဉ်ပြိုင်ကစားဖို့ သုံးပွဲအလိုမှာ စပိန်လာလီဂါဖလားကို ဆွတ်ခူး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့
အခုလို စပိန်လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဟာ စပိန်လာလီဂါဖလားကို ၂၉ ကြိမ်မြောက်
ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ငွေကြယ်

No comments