အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး
မော်လမြိုင် မေ ၂၂
အစိုးရသစ်လက်ထက်
ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို
ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်မှာကြားချက်များကို
အချိန်တိုကာလအတွင်း ထိထိမိမိအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက်
ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်
လုပ်ငန်းစဉ်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာ တိုးတက်မှု ရလဒ်များပေါ်လွင်အောင်၊
အချိန်မီပြီးစီးအောင် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူ့အတွက်
ကြိုးပမ်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments