ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း သထုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂၂

 

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံခရိုင် ပြည်သူ့ဆေးရုံနှင့် ပေါင်မြို့နယ် ရင်ငြိမ်းတိုက်နယ်ဆေးရုံတို့၌ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ အထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ပေးမည့် အရေးပေါ်ပြင်ပလူနာဌာနအသစ် ဆောက်လုပ်မည့် နေရာကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အား သူနာပြုသိပ္ပံ အဆင့်မြှင့်တင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့သင်ကြားရေးခန်းများ (Skill Lab)၊ စာကြည့်တိုက်၊ ထမင်းချက်ခန်း၊ ကွန်ပျူတာဆောင်နှင့် သင်တန်းသူ အိပ်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.