ပဋိပက္ခများနှင့် အရေးယူပိတ်ဆို့မှုများ အမြန်ဆုံး အဆုံးသတ်ရေး အီရန်တောင်းဆို
တီဟီရန် မေ
၁၁
အီရန်နိုင်ငံက အမေရိကန်ထံပေးပို့သည့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အကြံပြုချက်မူကြမ်းတွင် နှစ်နိုင်ငံကြား နယ်ပယ်စုံတွင်ဖြစ်နေသည့်
ပဋိပက္ခများကို အမြန်ဆုံး အဆုံးသတ်ရေး ဆောင်ရွက်ရန်၊ အီရန်အပေါ်ကျူးကျော်မှုများ ထပ်မံမပြုလုပ်ရေးအတွက်
အာမခံချက်ပေးရန်၊ အမေရိကန်၏ ရေကြောင်းဆိုင်ရာပိတ်ဆို့မှုအပါအဝင် ပိတ်ဆို့အရေးယူမှုများကို
ဖယ်ရှားပေးရန် တောင်းဆိုခဲ့ ကြောင်း တက်စ်မင်သတင်း အေဂျင်စီက မေ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအကြံပြုချက်မူကြမ်းတွင် စစ်ပွဲအမြန်ဆုံး အဆုံးသတ်ရန်
အီရန်အပေါ် ကျူးကျော်မှုများ ထပ်မံမပြုလုပ်ရေးအပါအဝင် အခြားသဘောတူညီချက်များ
ပါဝင် သည်။
ထို့ပြင် အီရန်နိုင်ငံ၏ ရေနံထုတ်လုပ်ရောင်းချခြင်းအပေါ်
အမေရိကန်က အရေးယူပိတ်ဆို့ခြင်းကို ရက် ၃၀
ကြာ ဖြေလျှော့ပေးရန်နှင့် အီရန်နိုင်ငံ၏ ပိုင်ဆိုင်မှုများအပေါ် တားမြစ်ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးရန်တို့ကိုလည်း ယင်းမူကြမ်းတွင်တောင်းဆိုထားသည်။
ယခုနှစ် ဧပြီ ၈ ရက်တွင် အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ပါကစ္စတန် နိုင်ငံတွင် ကျင်းပသည့် ဆွေးနွေးပွဲ
မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အမေရိကန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ခဲ့သည်။
အဆိုပါပဋိပက္ခနှင့်ပတ်သက်သည့် အမေရိကန်၏
အဆိုပြုချက်မူကြမ်းအပေါ် အီရန်၏ တုံ့ပြန်
ချက်ကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အမေရိကန်ဘက်သို့
တင်ပြခဲ့ရာ ၎င်းတင်ပြချက်ကို လက်မခံ ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုမီဒီယာ
Truth Social တွင် ပြန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments