ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော် မေ ၂၂

 

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေး - လားရှိုး လမ်းမကြီးမှ ဗဟိုမီးသတ် သင်တန်းကျောင်း အဝင်လမ်း လမ်းသစ်ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိစေရေး အလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်း ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့မှဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်၍ Oriental Highway Co.,Ltd. က ဆောင်ရွက် လျက်ရှိသည့် အနီးစခန်းလေဆိပ်အနီး မန္တလေး - လားရှိုး - မူဆယ် လမ်းအပိုင်း မိုင် (၃၄/၀  -  ၃၄/၃) အတွင်း ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.