အိုပက်ပလပ်စ် အဖွဲ့ဝင် ၇ နိုင်ငံက ဇူလိုင်လတွင် ရေနံထုတ်လုပ်မှု ထပ်မံတိုးမြှင့်မည်
ဗီယင်နာ ဇွန် ၈
ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့ အပါအဝင် အိုပက်ပလပ်စ်အဖွဲ့ဝင် ၇ နိုင်ငံသည်
ဇွန် ၇ ရက်က ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးအတွင်း ဇူလိုင်လတွင်
ရေနံစိမ်းထုတ်လုပ်မှုကို တိုးမြှင့်မည် ဖြစ်ကြောင်း ပြောကြားသည်။
မေ ၁ ရက်မှစတင်ကာ အိုပက်နှင့် အိုပက်ပလပ်စ်
နှစ်ခုစလုံးမှ ထွက်ခွာမည်ဟု ကြေညာထား
သော အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)သည်
ယင်းအစည်းအဝေးတွင် တက်ရောက်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။ အဆိုပါ
အဖွဲ့ဝင် ၇ နိုင်ငံသည် ဇွန်လကဲ့သို့ပင် လာမည့်ဇူလိုင်လတွင်လည်း တစ်ရက်လျှင် ရေနံစည်ပေါင်း
၁၈၈၀၀၀ တိုးမြှင့်ထုတ်လုပ်မည်ဖြစ်သည်။
ထိုကဲ့သို့ ရေနံထုတ်လုပ်မှုတိုးမြှင့်ခြင်းကို
လေးလဆက်တိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခု အချိန်အထိ ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်ပို့မှုများကို
ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments