မိုင်းပျဉ်းမြို့နယ်၌ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိ
မိုင်းပျဉ်း နိုဝင်ဘာ ၁
နိုဝင်ဘာ ၁ ရက်မှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုမှ မြို့နယ် (၄၆)မြို့နယ်ရှိ စာသင်ကျောင်းများမှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင်)အား နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့မှစတင်ကာ ဖွင့်လှစ်ပညာသင်ကြား ပေးလျက်ရှိသည်။
မိုင်းပျဉ်းမြို့နယ်တွင် မူလတန်းအဆင့် (၁၁၉)ကျောင်း၊ အလယ်တန်းအဆင့် (၁၃)ကျောင်း၊ အထက်တန်းအဆင့် (၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၃၉)ကျောင်း ရှိသည့််အနက် ယခုအခါ ကျောင်းပေါင်း (၁၂၀)အား ဖွင့်လှစ်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လစာရင်းအရ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၂၅၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၈၇)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၄၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၅၉၁)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
အဆိုပါ ကျောင်းများတွင် ပညာသင်ကြားရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဝင်းအတွင်း မဝင်ခင် အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျောင်းဝင်းအတွင်း ဝင်ရောက်စေခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးကာ မကြာခဏ စက္ကန့်(၂၀)ကြာ လက်ဆေးခြင်းများ ဆောင်ရွက်စေခြင်းနှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ နေထိုင်ကာ ပညာသင်ကြားစေခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)
No comments