မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်
မြောက်ဦး ဇွန် ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက်
မြို့အဝင်၊ အထွက် အလယ်ဈေးတံတား Check Point နှင့် ထမ္မရာဇ်ရပ်ကွက်၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးရှေ့
Check Point (၂)
ခုဖွင့်လှစ်ပြီး ယနေ့ နံနက် ၈ နာရီကစတင်ကာ ကျန်းမာရေးစစ်ဆေးမှုများ၊
ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးရေး လုပ်ငန်းများကို
အရှိန်အဟုန်မြင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ၏
လမ်းညွှန်မှုဖြင့်
မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
ကျန်းမာရေးဝန်ထမ်းများ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက
ဝိုင်းဝန်းပူးပေါင်းကာ
အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်တွင်းကူးစက်ပြန့်ပွားမှု မြင့်မားနေချိန်တွင်
မြောက်ဦးမြို့နယ်အတွင်း
ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက်
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီမှ
စီစဉ်ဆောင်ရွက်မှုဖြင့်
မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး
ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့်
မြို့အဝင်၊ အထွက်ဂိတ်များမှ သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် ဈေးဝယ်လာသူများကို
ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင် သွားလာစေခြင်း၊
နှာခေါင်းစည်းများ မပါရှိသည့်
ခရီးသွားများကို နှာခေါင်းစည်းများ ဝေငှပေးခြင်း၊
ခရီးသွားပြည်သူများအား
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ လက်ကိုစနစ်တကျ ဆေးကြောတတ်စေရန်
ပြသပေးခြင်းနှင့် Check
Point ကျန်းမာရေး
စစ်ဆေးမှု သတ်မှတ်နေရာများကိုလည်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည်အထိ ထားရှိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း
သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)


No comments