ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများ၏ ဝန်အားသုံးစွဲမှု၊ ဖြန့်ဖြူးပေးနေမှုတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း
လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ်
၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံများ၏
ဝန်အားသုံးစွဲမှုအခြေအနေ၊
ဖြန့်ဖြူးပေးနေမှု တို့နှင့်စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ရန်ကုန်တိုင်းဒေသကြီး၏
လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည်
နှစ်စဉ်(၁၅ ရာခိုင်နှုန်း) တိုးတက်နေသည့်အတွက် အဆိုပါဓာတ်အား တိုးတက်သုံးစွဲမှုများကို ဖြည့်ဆည်းပေး
နိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုပိုင်းအပြင်
ဓာတ်အားဖြန့်ဖြူးခြင်း
အပိုင်းများကိုလည်း တိုးချဲ့ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ဓာတ်အားသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ
ဓာတ်အားခွဲရုံ များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော
ဓာတ်အားခွဲရုံများ နှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့် တင်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊
ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊
လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု
လျော့ နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက်
အလေး အနက်ထား ဆောင်ရွက်ကြစေလိုပါကြောင်း
ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံမှူးများက
ဓာတ်အားခွဲရုံများနှင့်
သက်ဆိုင်သော အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်
ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးသိမ်းသူရ က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments