ဝင်ငွေ ပုံမှန်ဖော်ဆောင်ပေးနေ၍ စိုက်ပျိုးသူတို့ အဆင်ပြေနေသော ဆူးပုတ်စိုက်ပျိုးရေး
မင်းဘူး ၂၇ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်
ကျောက်တန်းကျေးရွာမှ
တောင်သူများသည်
ဆူးပုတ်ပင်များ
စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိနေသောကြောင့် မိသားစုစားဝတ်နေရေး
အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ဆူးပုတ်စိုက်ပျိုးသူများထံမှ
သိရသည်။
“ကျွန်တော်ကတော့
ဆူးပုတ်၊
ဘူး၊
မေမြို့ပန်းတွေကို
စိုက်ပျိုးပါတယ်။
ဆူးပုတ်ပင်ကို
ပေါင်းမြက်တွေရှင်း
ရေမှန်မှန်
သွင်းပေးပြီး
ဂရုစိုက်နိုင်ရင်တော့ ၃ ရက်တစ်ခါလောက် ခူးရောင်းလို့
ရတယ်ဗျ။
အရောင်းလည်းသွက်တယ်
တစ်ခြံလုံးဆို
၁၅
ပိဿာ
ကျော်ကျော်လောက်
ရတဲ့အပြင်
ပုံမှန်ဝင်ငွေ
ရတာဆိုတော့
ကျွန်တော်တို့
တောင်သူတွေ
အနေနဲ့
အဆင်ပြေတာပေါ့ဗျာ”ဟု
ကျောက်တန်းကျေးရွာမှ
ဆူးပုတ်စိုက်ပျိုးသူ
ကိုချစ်ထွေးက
ပြောသည်။
ဆူးပုတ်ပင်များ စိုက်ပျိုးရာတွင်
၇ ရက်တစ်ခါ
ရေသွင်းပေးရပြီး
မြက်နုတ်ပေါင်းသင်
ပြုလုပ်၍
မြေဩဇာ
ကျွေးနိုင်ပါက
၃ ရက်ခြား
ခူးရောင်းရကာ
ဆူးပုတ်တစ်ပိဿာ
၃၅၀၀
ကျပ်ဈေးရှိကြောင်းလည်း သိရသည်။ ဆူးပုတ်ပင်သည် အခြား
မုံလာ၊
မုံညှင်း၊
နံနံစသော
ဟင်းသီးဟင်းရွက်ပင်များကဲ့သို့ ထိကပ်၍ စိုက်ရသော အပင်များ
မဟုတ်ဘဲ
ကိုင်းတက်များ
ဖြာထွက်ပြီး
တစ်ပင်နှင့်တစ်ပင်
ကိုင်းခြင်းယှက်နေသောကြောင့် သုံးပေ လေးပေခြား၍ စိုက်ပျိုးရသည်။
ဇေယျာထက် (မင်းဘူး)


No comments