ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊
ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဇွန် ၂၇ ရက် နံနက်ပိုင်းမှစ၍ မြို့အဝင်/အထွက်ဂိတ်တွင်
လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု
မရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ
ဦးကံထွန်းအောင် ဦးဆောင်၍နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊
စားသုံးသူရေးရာဦးစီးဌာန၊ ကရုဏာကွန်ယက်အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ
ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်
မြို့ဝင် စစ်ဆေးရေးဂိတ်တွင် မြို့အတွင်းသို့
ဝင်ရောက်လာသော ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် လိုက်ပါလာသော
ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊
နှာခေါင်းစည်း မဝတ်ဆင်လာသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ပြည်သူများအနေဖြင့်
အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်၍ သွားလာကြရန် ပြောကြားပြီး
မြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)
No comments