2020 Tokyo Olympic အားကစားပြိုင်ပွဲ မြန်မာသေနတ်ပစ်အားကစားသမား ရဲထွန်းနောင် ဝင်ရောက်ယှဉ်ပြိုင်
နေပြည်တော်၊ ဇူလိုင် ၂၄
ဂျပန်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်
2020 Tokyo Olympic အားကစားပြိုင်ပွဲတွင်
(၁၀) မီတာ လေပစ္စတိုသေနတ်ပစ်ပြိုင်ပွဲကို Asaka သေနတ်ပစ်ကွင်းတွင် ယနေ့နံနက် (၁၀) နာရီ၌ ကျင်းပရာ မြန်မာနိုင်ငံမှ သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်က ကျည်အတောင့်(၆၀) ဝင်ရောက်
ယှဉ်ပြိုင်ပစ်ခတ်ရာ (၉၂၊ ၉၅၊ ၉၈၊ ၉၆၊ ၉၈၊ ၉၇) ပျှမ်းမျှ (၉.၆၀) စုပေါင်းရမှတ် (၅၇၆)
မှတ်ဖြင့် အဆင့်(၁၄) ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲကို အားကစားသမား(၃၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး
နောက်ဆုံးဗိုလ်လုပွဲသို့ (၈)ဦးသာ တက်ရောက်ခွင့်ရရှိခဲ့ပြီး အဆင့်(၁)အဖြစ် အိန္ဒိယအားကစားသမားက (၅၈၆)မှတ်၊ အဆင့်(၈)အဖြစ် ဆားဘီးယားအားကစားသမားက (၅၇၈)မှတ် ရရှိသည်။
(သတင်းစဉ်)
No comments