ဖာပွန်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း
ဖာပွန် ဇူလိုင် ၁၀
ကရင်ပြည်နယ်၊
ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်ဆီဂျင်၊ ဆေးဝါးနှင့်
ဆက်စပ်ပစ္စည်းများကို ဇူလိုင် ၉ ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
သွားရောက်လှူဒါန်းရာတွင်
ကိုဗစ်-၁၉ရောဂါ ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ အလှူရှင်များ လှူဒါန်းသည့် အလှူငွေများဖြင့်
အောင်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးသို့
သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ရာ တာဝန်ရှိသူများက လက်ခံခဲ့သည်။
ဖာပွန်မြို့တွင်
ဇူလိုင် ၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၀ ဦး
စုစုပေါင်း ၂၄ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူများအား ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံရှိ
Quaratine Centre ၌ သီးသန့်ထားရှိထားကြောင်း၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍
အသွားအလာကန့်သတ်ထားရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ
သိရှိရသည်။
မြို့နယ်
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့်လည်း သက်ဆိုင်ရာဌာနများနှင့်
ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ရပ်ကွက်များအလိုက်
ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရေး အစရှိသော
ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် လိုက်လံအသိပေးနှိုးဆော်လျက်
ရှိကြောင်းသိရှိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)
No comments