မိုးကောင်းမြို့နယ်၌ ဌာနဆိုင်ရာရုံးများအား ပိုးသတ်ဆေးဖျန်း
မိုးကောင်း ဇူလိုင် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက်
လူဝင် လူထွက်များသောဌာနဆိုင်ရာရုံးများအား
မြို့နယ်ကြက်ခြေနီအသင်းက
ပိုးသတ်ဆေးဖျန်းခဲ့ ကြောင်း သိရသည်။
ရောဂါပိုး ပေါက်ဖွားရှင်သန်နိုင်ပြီး လေဝင်လေထွက်မကောင်းသည့်တိုက်ခန်း၊
ရုံးခန်းများ၊ လူဝင်လူထွက် များသောနေရာများတွင် ရောဂါပိုးမွှားများ ပိုမိုခိုအောင်းနိုင်သည့်အတွက်
ပိုးသတ်ဆေးဖျန်းပေးခြင်း ဖြစ်သည်။
" ထွေ/အုပ်ကနေစပြီးတော့ မြန်မာ့စီးပွါးရေးဘဏ်၊
ဆက်သွယ်ရေး၊ ပြန်/ဆက် စသဖြင့်ပေါ့နော် ဖုန်းဆက်ပြီး ဆေးဖျန်းပေးဖို့ အကူအညီတောင်းတော့ ပိုးသတ်ဆေးဖျန်းပေးရပါတယ်။
နောက်ဆေးဖျန်း ဖို့ လိုအပ်နေတဲ့ဌာနတွေရှိရင်လဲ
ဖျန်းပေးမှာပါ။" ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး
ဒေါ်ဆွေမာသင်းက ပြောကြားသည်။
မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ Quarantine Centre များတွင် ပရဟိတ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)


No comments