မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရာဂါ ပြန့်ပွားမှုမရှိစေရေး ဆေးဖျန်းစက်ကြီးဖြင့် ပိုးသတ်ဆေးဖျန်း
မလှိုင်၊ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊
မလှိုင်မြို့နယ် မေတ္တာရှင်ဆေးဖျန်းအဖွဲ့မှ
ကိုဗစ်-၁၉ ရာဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုကာကွယ်ရေးအတွက်
ဆေးဖျန်းစက်ကြီးဖြင့်
ပိုးသတ်ဆေးဖျန်းခြင်းကို
ဇူလိုင် ၁၀ ရက်က မလှိုင်မြို့နယ် ရေထွက်ကျေးရွာအတွင်း၌
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရေထွက်ကျေးရွာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး
ထိစပ်သူများနှင့် ပြင်ပမှလာရောက်သူများကို
ကျေးရွာဆေးပေးခန်းတွင် Quarantine ဖွင့်လှစ်ထားရှိသဖြင့်
ကိုဗစ်-၁၉ ရာဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် မေတ္တာရှင် ဆေးဖျန်းအဖွဲ့မှ
လာရောက် ပိုးသတ်ဆေးဖျန်းခြင်းဖြစ်ပြီး ကျေးရွာကျန်းမာရေး ဆေးခန်း၊
ပိုးတွေ့လူနာအိမ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊
ရွာလယ်လမ်းမ၊ လမ်းသွယ်နှင့် လမ်းကြားများသို့
လှည့်လည်၍ ပိုးသတ်ဆေးဖျန်းခြင်းများ
ဆောင်ရွက်ခဲ့ကြသည်။
မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆေးဖျန်းစက်ကြီးဖြင့်
ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ
ဆောင်ရွက်လိုပါက မေတ္တာရှင် ဆေးဖျန်းအဖွဲ့နှင့် ဆက်သွယ် အကူညီ တောင်းခံနိုင်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)

No comments