ဖားကန့်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်းကာ Mask Campaign ပြုလုပ်



ဖားကန့်   ဇူလိုင် ၂၉


ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက် ၈နာရီခန့်က  Mask Campaign အနေဖြင့် နှာခေါင်းစည်း(Mask) များဝေငှခဲ့ကြောင်း သိရသည်။ 


အဆိုပါ Mask Campaign ကို ဖားကန့်မြို့ပေါ် မော်ဝမ်းရပ်ကွက်ရှိ မြို့မရဲစခန်းရှေ့တွင်ပြုလုပ်ခဲ့ပြီး  လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask) အခုရေ (၅၀၀) ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာများ ပြောကြားခဲ့သည်။


ယနေ့ပြုလုပ်သော Mask Campaign ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ 


ထို့ပြင် ဖားကန့်မြို့အတွင်းရှိ ရပ်ကွက်များတွင်လည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် volunteer များပူးပေါင်းကာ နှာခေါင်းစည်း(Mask)များ ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဖားကန့်(ပြန်/ဆက်)



No comments

Powered by Blogger.