ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ပါးစပ်နှင့်နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်း(Mask Campaign) များပြုလုပ်



နေပြည်တော်၊ ဇူလိုင်


       ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်၍ ရောဂါကွင်းဆက်များ ဖြတ်တောက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပါးစပ်နှင့် နှာခေါင်းစည်း (surgical mask) အရေအတွက်စုစုပေါင်း ၁၂,၀၅၀,၀၀၀ ခုကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများထံသို့ ဇွန်လအတွင်း ဖြန့်ဝေထားရှိ ပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း(surgical mask)များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသည် ရောဂါကူးစက်နိုင်ခြေမြင့်မားသော လူစည်ကားရာနေရာများ ဖြစ်သည့် မြို့နယ်အသီးသီးရှိ ဈေး၊ ဘဏ်၊ လမ်းဆုံ၊ ကားဂိတ်၊ မြို့အဝင်အထွက်ဂိတ် စသည့်နေရာများတွင် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ရောဂါကာကွယ်ရေး­ကျန်းမာရေး အသိပညာပေးခြင်းနှင့်ပါးစပ်နှင့်နှာခေါင်းစည်းအခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


(သတင်းစဉ်)








No comments

Powered by Blogger.