သဲကုန်းမြို့နယ်၌ ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး
သဲကုန်း သြဂုတ်
၂၈
ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ သြဂုတ် ၂၈ ရက်က ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကိုဗစ်-၁၉
ရောဂါပိုးရှိ/ မရှိ စစ်ဆေးပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်အတွင်း၌
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက် ကျေးရွာများ၌ ရောဂါကူးစက်မှုများ
ရှိနေသည့်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏
ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ
အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က
ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့်
သဲကုန်းမြို့နယ် စည်ပင်သာယာစျေးနှင့် ပုတီးကုန်းမြို့မစျေးအတွင်းရှိ စျေးရောင်းချနေသော
စျေးသည်များအား ရောဂါပိုးရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား
သက်ဆိုင်ရာ Quarantine Centre များသို့ ပို့ဆောင်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင်
သြဂုတ် ၂၇ ရက်အထိ ရောဂါပိုးတွေ့ရှိသူ (၁၂၅၅) ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ
(၁၀၁၀)၊ ဆေးရုံတက်လက်ကျန် (၁၅၅) ဦးနှင့် သေဆုံးသူ (၉၀) ရှိကြောင်း သိရှိရသည်။
နိုင်လင်း
(မြို့နယ် ပြန်/ဆက်)


No comments