လဟယ်မြို့ ကျလွေချောင်း ရေအားလျှပ်စစ်ရေလှောင်ကန်အတွင်းမှ နွံများရှင်းလင်း

 



လဟယ် ဩဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျလွေချောင်း ရေအားလျှပ်စစ် ရေလှောင်ကန်ကြီးအတွင်းမှ နွံများကို လဟယ်မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဦးဆောင်၍ စက်ယန္တရား(၂)စီးဖြင့် ယမန်နေ့ကစ၍ ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျလွေချောင်း ရေအားလျှပ်စစ်ရေလှောင်ကန်သည် ရေဂါလံ (၉၀၀၀၀၀)ဆံ့ ရေလှောင်ကန်ဖြစ်ပြီး (၁၅၀)ကီလို၀ပ် စက်(၂)လုံးဖြင့် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အတွက် (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးဇော်၀င်းထွန်းထံမှ သိရသည်။

ရှားဆက်(လဟယ် ပြန်/ဆက်)

 

No comments

Powered by Blogger.