ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ လက္ခဏာ​ပျောက်ကင်း၍​နေအိမ်ပြန်ခွင့်ရရှိသူ ၂၈၁ ထိရှိလာ

 



ပင်းတယ သြဂုတ် ၈

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ​တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့်ဇွန်လ ၁၉ ရက်​မှ ယ​နေ့အထိ ကိုဗစ်-၁၉​​ရောဂါ လက္ခဏာ ကုသ​ပျောက်ကင်း၍​နေအိမ်ပြန်ခွင့်ရရှိသု​ပေါင်း ၂၈၁ ဦး ရှိလာကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကိုဗစ်-၁၉​ရောဂါပိုး​တွေ့ရှိသူများအား ပင်းတယမြို့နယ် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှ ဝန်ထမ်းများက RDT (rapid diagnostic test) ဖြင့် စစ်​ဆေးခြင်း​၊ ဓါတ်ခွဲနမူနာများအား တောင်ကြီးမြို့ တွင် PCR နည်းဖြင့် စစ်​ဆေးခြင်းဖြင့် အတည်ပြုလူနာ ၅၀၅ ဦးရှိခဲ့ပြီး ပင်းတယမြို့ပြည်သူ့​ဆေးရုံ၊ မိုင်းအင်တိုက်နယ်​ဆေးရုံ၊​ ပွေးလှတိုက်နယ်​ဆေးရုံ၊ ပင်းတယမြို့ မြို့လယ်ဓမ္မာရုံနှင့် မိုးကုတ်ဝိပသာနာ ရိပ်သာတို့တွင် ကိုဗစ်-၁၉ပိုး​တွေ့ ကုသ​ရေးစင်တာများထားရှိပြီး ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ဆောင် ရွက်​ပေးခဲ့ရာ ကိုဗစ်-၁၉​ရောဂါ လက္ခဏာများ​ ပျောက်ကင်းသွားသည့်အတွက် နေအိမ်သို့ပြန်ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏​ နေအိမ်တွင် Home Quarantine  ခုနစ်ရက် ဆက်လက်​နေထိုင်​စေခဲ့​ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ဇွန်လ ၁၉ ရက်​နေ့မှ သြဂုတ်လ ၈ ရက်​အထိ ကိုဗစ်-၁၉ ​ရောဂါပိုး​တွေ့ အတည်ပြု လူနာ​ပေါင်း ၅၀၅ ဦးရှိပြီး ကျန်းမာ​ရေး ပြန်လည်​ကောင်းမွန်လာ၍​ ဆေးရုံဆင်းခွင့်ရသူ​ပေါင်း ၂၈၁ ဦး၊​ ယ​နေ့အထိ​ ဆေးကုသမှုခံယူ​နေသူ​ပေါင်း ၂၁၅ ဦး၊ သေဆုံးသူ​ပေါင်း ကိုးဦးရှိ​ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ သိရသည်။

​အောင်ကိုဦး

No comments

Powered by Blogger.