ကယ်လီဖိုးနီးယားတောမီး ဒေသခံလေးသောင်းကျော် နေရာရွှေ့ပြောင်းပေးရ
လော့စ်အိန်ဂျလိစ် ဩဂုတ် ၂၉
ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးကြောင့် ဩဂုတ် ၂၆
ရက်က ဒေသခံလူပေါင်း ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဩဂုတ် ၂၇
ရက်အထိ လူပေါင်း ၄၂၁၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဖြစ်သည်။
ကယ်လာဗယ်ရပ်စ်ကောင်တီမှ လူပေါင်း ၆၀၀၀ ကို ဩဂုတ် ၂၆
ရက်တွင် ဘေးလွတ်ရာသို့ ပို့ဆောင် ပေးခဲ့သည်။ အဆိုပါဒေသတွင် တောမီးလောင်မှုမှာ
အရှိန်ကောင်းလျက်ရှိပြီး အခြားသောဒေသများသို့ပါ မီးလောင်မှု ကူးစက်ရန်
ခြိမ်းခြောက်လျက်ရှိသည်။
ဩဂုတ် ၂၇ ရက် နံနက်ပိုင်းအထိ နေရာအနှံ့အပြားတွင်
ကယ်ဆယ်ရေးအတွက် သတိပေးချက်များ ထုတ်ပြန်ထားပြီး ကယ်လာဗယ်ရပ်စ်ကောင်တီ
နေရာအနှံ့အပြားတွင် မီးခိုးငွေ့များနှင့် ဖုံးလွှမ်းနေသည့်အတွက် အမြင်အာရုံ
မြင်နိုင်စွမ်းလည်း လျော့ကျနေသည်။ ကီရန်ကောင်တွင်လည်း လူပေါင်း ၃၆၀၀ ကို ၎င်းတို့၏
နေအိမ်များမှ စွန့်ခွာကြရန် ဖိအားပေး စေခိုင်းထားရသည်။ အခြားပြည်နယ်များမှ
မီးသတ်သမားပေါင်း ၃၂၀၀ မှာလည်း တောမီးကို ငြိမ်းသတ်နိုင်ရေး
ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ

No comments