တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံမှ လက်ခံရရှိ
မနီလာ ဩဂုတ် ၂၂
တရုတ်နိုင်ငံမှပေးပို့သည့်
ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဩဂုတ် ၂၁ ရက်တွင် ဖိလစ်ပိုင် နိုင်ငံက လက်ခံရရှိခဲ့ကြောင်း
ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံသို့
ပေးပို့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှ ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် မတ်လ ၁ ရက်မှ စတင်ကာ
ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် ပထမဆုံးအကြိမ် ကာကွယ်ဆေးများ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည်
လူပေါင်း ၂၉ သန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။ ယခုအချိန် အထိ ကိုဗစ်-၁၉
ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ အရေအတွက်မှာ ၁၃ သန်းရှိပြီး ယခုနှစ်အတွင်း လူဦးရေ၏ ၇၀
ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးသွားရန် အစိုးရက ရည်မှန်းထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင်
ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁ ဒသမ ၈ သန်းရှိပြီး သေဆုံးသူ ၃၁၁၉၈ ဦး ရှိသည်။ ဩဂုတ်
၂၀ ရက်တွင်လည်း နောက်ထပ် ကူးစက်ခံရသူ ၁၇၂၃၁ ဦးတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှစတင်ကာ
ကူးစက်မှုအများဆုံးပမာဏ ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments