ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရှိသူ ၃၉ ဦးရှိလာ
ပုဏ္ဏားကျွန်း ၊ ဩဂုတ်
၁၅
ရခိုင်ပြည်နယ်၊
ပုဏ္ဏားကျွန်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ
ပျောက်ကင်း၍ ဆေးရမှ ဆင်းခွင့်ရရှိသူ ၃၉ ဦးရှိလာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက
ယနေ့ပြောကြားသည်။
ပုဏ္ဏားကျွန်းမြို့
ပြည်သူ့ဆေးရုံတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၅၆ ဦးရှိပြီး၊ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၉ ဦး၊ ဆေးဝါးကုသမှုခံယူနေသူ
၁၁ ဦး၊ သေဆုံးသူ ခြောက်ဦး ရှိနေကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေး
ဦးစီးဌာနက ပြောကြားသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း ကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ
နေထိုင်ကြရန်၊ မဖြစ်မနေ
နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း
Mask တပ်ဆင်ပြီးမှ
သွားလာကြရန်၊ မိမိပတ်ဝန်းကျင်တွင် ဖျားနာသူများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင်
အမြန်ဆုံးသွားရောက်ပြသပြီး၊
ဆေးဝါးကုသမှု များခံယူကြရန် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးကော်မတီက
တိုက်တွန်းနှိုးဆော်ထားကြောင်း
သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)

No comments