ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၆၇၈၆၂ ဉီးရှိလာ
ဆော်ပေါ်လို ဩဂုတ် ၁၅
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးသူ ၉၆၆ ဦးထပ်မံတွေ့ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးသူစုစုပေါင်း ၅၆၇၈၆၂ ဦးရှိလာကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉
ရောဂါ ကူးစက်ခံရသူ ၃၃၉၃၃ ဦးထပ်မံတွေ့ရှိ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း
၂၀၃၁၉၀၀၀ ရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်
ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၉၁၇၃၉၁၇ ဦးရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင်ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိပြီး
ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ရောဂါကူးစက်မှုတွင် အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင်
တတိယအများဆုံးနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင်မူ အမေရိကန်နိုင်ငံပြီးလျှင်
ဒုတိယအများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်

No comments