မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် အသိပညာပေးလုပ်ငန်း ဆောင်ရွက်
မဘိမ်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို
စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီခန့်က အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့
လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်း
လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ
နှိုးဆော်ချက်များကို
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်
အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့်
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့
ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များအတွင်းရှိ
ပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်ခွာပါက
ပါးစပ်နှင့်နှာခေါင်းစည်း (Mask)
ကို စနစ်တကျတပ်ဆင်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊
လက်ကိုဆပ်ပြာ ဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့
ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ
ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ
အချက်များ ကို အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ်အသိပေးနှိုးဆော်
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)


No comments