ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် အလှူငွေ လှူဒါန်း

 



ဆီဆိုင်  ဩဂုတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့သည်။ 

ထိုသို့လှူဒါန်းရာတွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနေ ဒေါ်တင်တင်အေးနှင့် နန်းတိုးတိုးမိသားစုမှ လှူဒါန်းသည့် ငွေကျပ် တစ်သိန်းနှင့် စားသောက်ဖွယ်ရာ များကို ဆီဆိုင်မြို့ပြည်သူ့ဆေးရုံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

           

 

No comments

Powered by Blogger.