ကံမမြို့နယ်၊ ကံစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ်ထုတ်ချေး
ကံမ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် COVID-19ကာလအတွင်း ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့်
စားဝတ်နေရေးအခက်အခဲများကို
ကုစားပေးနိုင်ရန်အတွက်
မြစိမ်းရောင်ကျေးရွာစီမံကိန်း
အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို
ဩဂုတ်လ ၂၈ ရက် နေ့လည် ၃ နာရီအချိန်က ကံစုကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း
ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာထွေးထံမှ သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့်ကံစုကျေးရွာတွင်
COVID-19 ကာလအတွင်း
ကျေးလက်နေပြည်သူများ၏
ဝင်ငွေလျော့နည်းလာမှုနှင့်
စားဝတ်နေရေး အခက်အခဲများကို ကုစားပေး နိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍
မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်း
မပျောက်လည်ပတ်ရန်ပုံငွေများကို
ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကံစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို
၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်က ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊
ယခုအခါဆဌမနှစ်စက်ဝန်းအဖြစ်
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်သူ
၅၈ ဦးအတွက် ကျပ် ၃၆၂ ဒသမ ၃ သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်မည့်သူ
၂၆ ဦးအတွက် ကျပ် ၁၁၃ သိန်း၊ စုစုပေါင်းအသင်းဝင် ၈၄ ဦးကို စီမံကိန်းရန်ပုံငွေ ကျပ် ၄၇၅ ဒသမ ၃ သိန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်းပြား ၅၀ ဖြင့် ထုတ်ချေး ပေးခဲ့ကြောင်း ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာထွေးက ပြောပြသည်။
ချေးငွေများ ထုတ်ချေးပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏
လမ်းညွှန်ချက်နှင့် အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊
ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီးများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်စေကာ ထုတ်ချေးပေးခဲ့ကြောင်း
ကံမမြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
သိရသည်။
သန်းလွင်(မကွေး)


No comments