အင်ဒိုနီးရှားနိုင်ငံက လူဦးရေ ၂၀၈ ဒသမ ၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်
ဂျကာတာ ဩဂုတ် ၂၉
အင်ဒိုနီးရှားနိုင်ငံသည် လူဦးရေ ၂၀၈ ဒသမ ၂ သန်းအား
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားကြောင်း
အင်ဒိုနီးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့အထိ ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသူ ၆၁ ဒသမ ၂၂ သန်း ရှိကြောင်းနှင့်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၃၄ ဒသမ ၇၀ သန်းရှိကြောင်း
အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ
ကူးစက်ခံရသူ ၁ဝဝ၅၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၀၆၆၄၀၄ ဦးရှိလာကြောင်းနှင့်
ကိုဗစ်-၁၉ရောဂါကြောင့်သေဆုံးသူ ၅၉၁ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးသူ စုစုပေါင်း ၁၃၁၃၇၂ ဦးရှိလာကြောင်း သိရသည်။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ
ယနေ့တွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ
ဆင်းခွင့်ရရှိသူ ၁၈၅၉၄ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ
စုစုပေါင်း ၃၇၀၈၅၀ ရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်

No comments